ပြည်ကြီးခင်လူမှုကူညီရေးအဖွဲ့အစည်းအနေဖြင့် COVID-19 ကြိုတင်ကာကွယ်ခြင်း အသိပညာပေးလုပ်ငန်းများအတွက် တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန အသီးသီးတို့၏ လမ်းညွှန်မှုဖြင့် အများပြည်သူမြင်တွေ့နိုင်သောနေရာများတွင် အသိပညာပေးဗီနိုင်းများအား လိုက်လံချိတ်ဆွဲခြင်း လုပ်ငန်းများကို ပြည်ကြီးခင်ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်းကာ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်များဖြစ်ကြသော ပုသိမ်မြို့တွင် (၂၉/၃၀.၈.၂၀၂၀) တွင်လည်ကောင်း၊ သာပေါင်းမြို့နှင့် လှေတက်ကြီးကျေးရွာတွင် (၃.၉.၂၀၂၀) တွင်လည်းကောင်း၊ ချောင်းသာမြို့နယ်နှင့် ရွေသောင်ယံ၊ အုန်းချောကျေးရွာများတွင် (၃.၉.၂၀၂၀) တွင်လည်းကောင်း၊ ဟင်္သာတမြို့နယ် နှင့် ညောင်တုန်းမြို့နယ်တွင် (၆.၉.၂၀၂၀)တွင် လည်းကောင်းပြုလုပ်ခဲ့ကြသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုက်နယ်ဆေးရုံမှတာဝန်ခံဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အနာဂတ်လမ်းလူငယ်ကွန်ရက်(Road Off Future Youth Network)၊ နာရေးကူညီမှုအသင်း(ညောင်တုန်း)၊ ဟင်္သာတခရိုင်ကွန်ရက်၊ ပီတိ လူငယ်ပရဟိတအသင်း၊ နာရေးကူညီမှုအသင်း(ညောင်တုန်း) ရှေ့ဆောင်လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(ဓနုဖြူ)၊ ရောင်နီလှိုင်းအဖွဲ့ (ဓနုဖြူ)၊ အဖြူရောင်မေတ္တာလူမှုကူညီရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး မေတ္တာဖောင်ဒေးရှင်း၊ ATAA Network၊ ဖြူစင်မေတ္တာလူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ Ayeyarwaddy CSOs Network တို့နှင့်ပူးပေါင်းကာ COVID-19 Prepareness & Response အတွက် ပြည်ကြီးခင်ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ အရပ်ဘက်ဆိုင်ရာလူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့်လည်း လက်တွဲဆောင်ရွက်လျှက်ရှိပါသည်။
News Categories:
- Updating Website