Quaterly Coordination Meeting of MDR-TB Project

ပြည်သူလူထုအခြေပြုဆေးယဉ်ပါးတီဘီလူနာပြုစုခြင်းPyi Gyi Khin Quarterly Coordination Meeting 2016 ဆောင်ရွက်
ရန်ကုန် မေ ၁၇
ပြည်သူလူထုအခြေပြုဆေးယဉ်ပါးတီဘီလူနာပြုစုစောင့်ရှောက်ခြင်းရည်ရွယ်ချက်ဖြင့် မရမ်းကုန်းမြို့နယ်အတွင်းရှိဆေးယဉ်ပါးတီဘီရောဂါတိုက်ဖျက်နိုင်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်Pyi Gyi Khin လူမှုအသင်းအဖွဲ့တို့ပူးပေါင်းကာ မြို့နယ်အတွင်းရှိ ဆေးယဉ်ပါးတီဘီလူနာရှင်များကို ညနေပိုင်းအိမ်အရောက်ဆေးတိုက်ကျွေးနေသော Volunteerများနှင့်တွေ့ဆုံဆွေးနွေးသည့် Pyi Gyi Khin Quarterly Coordination Meeting 2016 ကို မေ၁၇ ရက် နံနက်၁၀နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ကျင်းပကာဆွေးနွေးပွဲသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊မြို့နယ်တွင်းရှိဆေးယဉ်ပါးတီဘီလူနာအားညနေဘက်အိမ်အရောက်ဆေးတိုက်ကျွေးနေသည့်Volunteerများတက်ရောက်ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦစီဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးမျိုးက မြို့နယ်အတွင်းရှိတီဘီရောဂါလာရောက်ကုသနေသည့်လူနာများအခြေအနေနှင့်ဆေးယဉ်ပါးတီဘီဝေဒနာရှင်များအား မြို့နယ်အတွင်းရှိ Volunteerများနှင့်လက်တွေ့ကုသဆောင်ရွက်ပေးနေမှုများကိုအကျယ်တ၀ံ့ဆွေးနွေးခဲ့သည်။ထို့နောက် Pyi Gyi Khinလူမှုအသင်းအဖွဲ့မှProgram Manager(MDR-TB)ဒေါက်တာစန္ဒီထွန်းက Pyi Gyi Khin အသင်းကြီး၏ပြည်သူလူထုအခြေပြု ဆေးယဉ်ပါးတီဘီလူနာများအား ကျန်းမာရေးအတွက်ကူညီထောက်ပံ့ပေးနေသည့်အကြောင်းအရာများအားရှင်းလင်းပြသခြင်း၊ဆေးယဉ်ပါးတီဘီလူနာများအား မြို့နယ်အတွင်းရှိVolunteerများ၏ကူညီဆောင်ရွက်ပေးနေမှုများတွင်တွေ့ကြုံရသည့်အခက်အခဲများ၊ဆောင်ရွက်ပေးရန်လိုအပ်သည့်အကူအညီများအား အကြံပြုဆွေးနွေးကြရန်ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါPyi Gyi Khin လူမှုအသင်းကြီးမှရန်ကုန်မြို့နယ်ရှိ မြို့နယ်ပေါင်း၁၆မြို့နယ်တွင် ဆေးယဉ်ပါးတီဘီလူနာများအား တစ်ဦးလျင်ငွေကျပ်၃သောင်း၊ဆန်၆ပြည်၊ဆီဗူးနှင့်အခြားအဟာရပစ္စည်းများလစဉ်ထောက်ပံ့ပေးလျက်ရှိကြောင်းသတင်းရရှိသည်။

Credit : Iprd Mayangone