ငလျင်ဒဏ်ခံစားနေရသော စစ်ကိုင်းတိုင်းသို့ ပြည်ကြီးခင်အသင်း သွားရောက်လှူဒါန်းခြင်း (ဒုတိယအကြိမ်)

ပြည်ကြီးခင်အသင်းမှ စစ်ကိုင်းမြို့ ၊ ပါရမီရပ်ကွက်၊ ဇေယျာရပ်ကွက်၊ (၁၅) ရပ်ကွက်၊ မြို့သစ်ရပ်ကွက်ဦ ရွာထောင်ရပ်ကွက်၊ ပိုးတန်းရပ်နှင့် ချင်းစုရပ်တို့မှ ငလျင်ဒဏ်ခံစားခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည့် အိမ်ထောင်စု (၁၀၀) အတွက်  လိုအပ်လျှက်ရှိသော ခြင်ထောင်၊ မိုးကာ၊ ဖော့ဖျာ နှင့် ဆိုလာမီးလုံးများကို ဧပြီလ (၂၄) ရက်နေ့တွင် ပြည်ကြီးခင်အသင်း (ပြည်ကြီးတံခွန်စင်တာ၊ ရွှေဘိုစင်တာ၊ မြင်းခြံစင်တာ)၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သွားရောက် လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။

ပြည်ကြီးခင်အဖွဲ့သည် မြန်မာနိုင်ငံတွင် လှုပ်ခတ်သွားသော ပြင်းအားမြင့်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသော ပြည်သူများအတွက် လိုအပ်‌လျှက်ရှိသော အရေးပေါ်ကျန်းမာရေး၊ အစားအသောက်များကို ကူညီထောက်ပံ့နိုင်ရန် အလှူရှင်များအားဖိတ်ခေါ်၍ စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ လက်ရှိတွင် အလှူရှင်များထံမှ ငလျင်ဒဏ်ခံစားနေရသောသူများအား ကူညီထောက်ပံ့နိုင်ရန် အလှူငွေများလက်ခံရရှိထားပြီး မြေပြင်သို့သွားရောက်လှူဒါန်းမှုများကို ဦးစားပေးဆောင်ရွက်လျှက်ရှိပါသည်။ အရေးပေါ်လိုအပ်ချက်များကိုကူညီထောက်ပံ့ပေးနိုင်ရန် လှူဒါန်းမှုများပေးခဲ့သည် အလှူရှင်အသီးသီးကို ပြည်ကြီးခင်အသင်းမှ အထူးပင်ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။

News Categories: 

  • Earthquke Emergency Response Activities