ပြည်ကြီးခင်အသင်းမှ ငလျင်ဒဏ်ခံစားနေရသော ပျဉ်းမနားမြို့အတွင်းရှိ မင်္ဂလာ၊ ရွှေချီ၊ ရန်အောင်-၂၊ ရန်အောင်-၁၊ ရွာကောက်၊ ဥယျာဉ်စု၊ ကင်ပွန်းတန်း၊ တောင်သာ၊ မြို့ဦး၊ မင်္ဂလာသာဂေါင်၊ ချမ်းအေး၊ အောင်မင်္ဂလာ၊ တောက်ရှာပင်ရွာ၊ အိုးဘိုတိုက်နှင့် သူကြီးစု ရပ်ကွက်များသို့ ပြည်ကြီးခင်အသင်း (ပျဉ်မနားစင်တာ)၏ အကူအညီဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသောအိမ်ထောင်စု (၁၀၀) အတွက် အဓိကလိုအပ်လျှက်ရှိသော မိုးကာ၊ ခြင်ထောင်၊ ပလတ်စတစ်ဖျာ၊ ခေါင်းအုံး၊ ရေပုံး၊ ရေခွက်၊ ပလတ်စတစ်ထမင်းစား စားပွဲခုံ၊ (၂) ဦးစာ စတီးပန်းကန်၄မျိုး set ၊ စတီးဇွန်း၊ solar မီးအိမ်၊ ခြင်နိုင်ဆေး၊ မီးခြစ် တို့ကို မေလ (၅) ရက်နေ့တွင် သွားရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။
ပြည်ကြီးခင်အဖွဲ့သည် မြန်မာနိုင်ငံတွင် လှုပ်ခတ်သွားသော ပြင်းအားမြင့်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသော ပြည်သူများအတွက် လိုအပ်လျှက်ရှိသော အရေးပေါ်ကျန်းမာရေး၊ အစားအသောက်များကို ကူညီထောက်ပံ့နိုင်ရန် အလှူရှင်များအားဖိတ်ခေါ်၍ စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ လက်ရှိတွင် အလှူရှင်များထံမှ ငလျင်ဒဏ်ခံစားနေရသောသူများအား ကူညီထောက်ပံ့နိုင်ရန် အလှူငွေများလက်ခံရရှိထားပြီး မြေပြင်သို့သွားရောက်လှူဒါန်းမှုများကို ဦးစားပေးဆောင်ရွက်လျှက်ရှိပါသည်။ အရေးပေါ်လိုအပ်ချက်များကိုကူညီထောက်ပံ့ပေးနိုင်ရန် လှူဒါန်းမှုများပေးခဲ့သည် အလှူရှင်အသီးသီးကို ပြည်ကြီးခင်အသင်းမှ အထူးပင်ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။
News Categories:
- Earthquke Emergency Response Activities