ငလျင်ဒဏ်ခံစားခဲ့ရသော စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် mobile clinic ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း (Batch 4)

ပြည်ကြီးခင်အသင်းသည် ငလျင်ဒဏ်ခံစားခဲ့ရ‌သည့်စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ  ငလျင်‌ဘေးသင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်‌ရှောက်မှုလုပ်ငန်းစဉ်များ ဆောင်ရွက်‌ပေးနိုင်ရန် mobile clinic (ရွေ့လျားဆေးခန်း) ဖြင့်ကျန်းမာရေးစောင့်ရှောက်မူ့များကိုဧပြီလမှစ၍ စစ်ကိုင်းမြို့ ဇေယျာရပ်ကွက်နှင့် ထုံးဘိုရပ်ကွက် (ငလျင်ကယ်ဆယ်ရေး စခန်းများတွင် Mobile Clinic (ရွေ့လျားဆေးခန်း)ကို ပြည်ကြီးခင်အသင်း၏ စေတနာ့ ဝန်ထမ်းများ (Medical Team Batch 4 for Sagaing) မှ ၁၄.၅.၂၀၂၅ မှ ၁၈.၅.၂၀၂၅ အထိ သွားရောက်ဆေးကုသမှု ပြုလုပ်ခဲ့ကြပါသည်။
ပြည်ကြီးခင်အဖွဲ့သည် မြန်မာနိုင်ငံတွင် လှုပ်ခတ်သွားသော ပြင်းအားမြင့်ငလျင်ကြောင့် ထိခိုက်ခံစား ခဲ့ရသော ပြည်သူများအတွက် လိုအပ်‌လျှက်ရှိသော အရေးပေါ်ကျန်းမာရေး၊ အစားအသောက်များကို ကူညီထောက်ပံ့နိုင်ရန် အလှူရှင်များအားဖိတ်ခေါ်၍ စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ လက်ရှိတွင် အလှူရှင်များထံမှ ငလျင်ဒဏ်ခံစားနေရသောသူများအား ကူညီထောက်ပံ့နိုင်ရန် အလှူငွေများ လက်ခံရရှိထားပြီး မြေပြင်သို့သွားရောက်လှူဒါန်းမှုများကို ဦးစားပေးဆောင်ရွက်လျှက်ရှိပါသည်။ အရေးပေါ်လိုအပ်ချက်များကိုကူညီထောက်ပံ့ပေးနိုင်ရန် လှူဒါန်းမှုများပေးခဲ့သည် အလှူရှင်အသီးသီးနှင့် ကူညီဆောင်ရွက်ပေးကြပါသောစေတနာ့ဝန်ထမ်းများကို ပြည်ကြီးခင်အသင်းမှ အထူးပင်ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။

News Categories: 

  • Earthquke Emergency Response Activities