The fourth Health Civil Society Forum, co-organized by the Union of Myanmar Health Civil Society Network and Community Partners International, was held at the Union Hotel in Nay Pyi Taw on 23 and 24 October, and was attended by about 400 health organizations from 318 townships in the states and divisions.
Pillar (1) - Organized and capable citizens group by U Min Zin (Excuetive Director - ISP Myanmar)
Pillar (2) - Enabling environment with government champions who are willing to engage by Dr. Thant Zin Htoo
Pillar (3) - Cultural appropriateness by Dr. Swe Zin Mya (UNOPS)
Pillar (4) - Access to information by Daw Nwe Zin Win (Excutive Director - Pyi Gyi Khin) shared and discussed with attended participants.
Daw Nwe Zin Win, Executive Director of Pyi Gyi Khin, presented and discussed the involvement of UHC and NHP in implementing the Network of Health Civil Society. Approvals were agreed with the participating health civil society organizations, and social responsibility, approved the business plan.
Unicode#
ပြည်ကြီးခင်အဖွဲ့ မြန်မာကျန်းမာရေးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်နှင့် Community Partners International တို့ပူးပေါင်းဆောင်ရွက်သော စတုတ္တအကြိမ်မြောက် ကျန်းမာရေးအရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်ကို နေပြည်တော်သင်္ဂဟဟိုတယ်တွင် အောက်တိုဘာ ၂၃ နှင့် ၂၄ တို့တွင်ကျင်းပခဲ့ရာ တိုင်းနဲ့ပြည်နယ်များမှ မြို့နယ် ၃၁၈ မြို့နယ်ရှိ ကျန်းမာရေးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်း ၄၀၀ ခန့်တက်ရောက်ခဲ့ပါသည်။ ဖိုရမ်သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများ၊ ပြည်သူ့လွတ်တော် ကျန်းမာရေးမြှင့်တင်ရေးကော်မတီမှ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ National Health Commission မှတာဝန်ရှိသူများတက်ရောက်ကြပါသည်။ ၎င်းဖိုရမ်တွင်
ကျန်းမာရေးက လူမှုရေးရာတာ၀န်ခံယူမှုမဏ္ဍိုင် ၄ ရပ်အားအသိပညာမျှဝေခြင်းများပြုလုပ်ခဲ့ပါသည်။
မဏ္ဍိုင် (၁) ကျစ်လစ် ခိုင်မာ၍ လုပ်ကိုင်ဆောင်ရွက်နိုင်သော နိုင်ငံသားများအစုအဖွဲ့ (Organized and capable citizens group) ခေါင်းစဉ်ဖြင့် ဦးမင်းဇင် (အမှုဆောင်ဒါရိုက်တာ ISP-Myanmar)
မဏ္ဍိုင် (၂) လုပ်ကိုင်ဆောင်ရွက်နိုင်သော ပတ်ဝန်းကျင်ကောင်းတစ်ခုဖန်တီးခြင်း (Enabling environment, with government champions who are willing to engage) ခေါင်းစဉ်ဖြင့် ဒေါက်တာသန့်ဇင်ထူး
မဏ္ဍိုင် (၃) ရိုးရာဓလေ့ကျင့်ထုံး ယဉ်ကျေးမှုများနှင့်သင့်တော်လျော်ညီမှု (Cultural appropriateness) ခေါင်းစဉ်ဖြင့် ဒေါ်ဆွေဇင်မြ (UNOPS)
မဏ္ဍိုင် (၄) သတင်းအချက်အလက်များအား လက်လှမ်းမှီခြင်း (Access to information) ခေါင်းစဉ်ဖြင့် ဒေါ်နွယ်ဇင်ဝင်း (အမှုဆောင်ဒါရိုက်တာ ပြည်ကြီးခင်) တို့မှ တက်ရောက်လာသူများအား မျှဝေဆွေးနွေးခဲ့ပါသည်။
ဒေါက်တာသန်းမင်းထွဋ်မှလည်း လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် အရပ်ဘက်အဖွဲ့အစည်းများ၏အခန်းကနှင့် အရေးပါပုံအကြောင်းအရာများအား မိမိအတွေ့အကြုံများနှင့် ယှဉ်ကာ ဟောပြောစည်းရုံးခဲ့ပါသည်။
ထို့နောက် ကျန်းမာရေးက လူမှုရေးရာတာဝန်ခံယူမှု မဏ္ဍိုင် (၄) ရပ်နှင့် စပ်လျဉ်း၍ အုပ်စုဖွဲ့ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး ရရှိလာသော ဆွေးနွေးချက်များအား ပြန်လည်တင်ပြခြင်း အပြန်အလှန်ဆွေးနွေးခြင်းများ သက်ဆိုင်ရာ ဌာနများမှ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ပါသည်။
ပြည်ကြီးခင်မှ အမှုဆောင်ဒါရိုက်တာ ဒေါ်နွယ်ဇင်ဝင်းမှ ကျန်းမာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများကွန်ရက် UHC နှင့် NHP အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပါဝင်မှုများအား တင်ပြဆွေးနွေးခြင်း၊ အတည်ပြုခြင်းများအား တက်ရောက်လာသူ ကျန်းမာရေးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်များနှင့် သဘောတူညီမှုရယူခဲ့ပြီး လူမှုရေးရာတာဝန်ခံယူမှု၊ ဆက်စပ်ဆောင်ရွက်ခြင်း၊ လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်း တို့ကို အတည်ပြုလုပ်ဆောင်ခဲ့ပါသည်။
News Categories:
- Forum