#Unicode
ပြည်ကြီးခင်လူမှုကူညီရေးအဖွဲ့အစည်းအနေဖြင့် COVID-19 ကြိုတင်ကာကွယ်ခြင်း အသိပညာပေးလုပ်ငန်းများအတွက် တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန အသီးသီးတို့၏ လမ်းညွှန်မှုဖြင့် အများပြည်သူမြင်တွေ့နိုင်သောနေရာများတွင် အသိပညာပေးဗီနိုင်းများအား လိုက်လံချိတ်ဆွဲခြင်း လုပ်ငန်းများကို ပြည်ကြီးခင်ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်းကာ မကွေးမြို့တွင် (၆.၄.၂၀၂၀) နေ့တွင်လည်းကောင်း၊ အောင်လံမြို့တွင် ( ၅.၄.၂၀၂၀)တွင်လည်းကောင်း၊ မြင်းခြံမြို့ (၄.၄.၂၀၂၀) တို့တွင်လုပ်ဆောင်ခဲ့ပါသည်။ ထို့အပြင် ရွှေဘိုမြို့တွင် အသိပညာပေးဗီနိုင်းများ ချိတ်ဆွဲခြင်းနှင့် အသံချဲ့စက်များဖြင့် လှည့်လည်ပညာပေးခြင်း လုပ်ငန်းများကို သပြေညိုရွှေဘိုပန်း LGBGT အဖွဲ့နှင့် ပူပေါင်းကာ ဆောင်ရွက်ခဲ့ပါသည်။ အခြားပြည်နယ်နှင့်တိုင်းရှိ ပြည်ကြီးခင်အခြေစိုက်ရုံးတည်ရှိရာ မြို့နယ်များတွင်လည်း COVID-19 Prepareness & Response အတွက် ပြည်ကြီးခင်ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ အရပ်ဘက်ဆိုင်ရာလူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့်လည်း လက်တွဲဆောင်ရွက်လျှက်ရှိပါသည်။
News Categories:
- Updating our Website