Moving Myanmar Health System Forward: From Evidence to Policy

“Moving Myanmar Health System Forward: From Evidence to Policy” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံအတွင်း ကျန်းမာရေးစနစ် ဖြစ်ပေါ်တိုးတက် ပြောင်းလဲနေမှုများကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်လှယ်တော်ကြီးများအား ရှင်းလင်းတင်ပြခြင်း အစီအစဉ်တစ်ရပ်ကို နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် ယနေ့ညနေပိုင်းက ပြုလုပ်ကျင်းပခဲ့ပါသည်။ (၁၃-၃-၂၀၁၉)
.
With the title "Moving Myanmar Health System Forward: From Evidence to Policy”, health system development, changes and updates were shared with members of Parliament from Pyi Thu Hluttaw and Amyothar Hluttaw, today evening at Thingaha Hotel, Nay Pyi Taw. (13,March 2019)

မြန်မာနိုင်ငံ ကျန်းမာရေး စနစ်ဆိုင်ရာ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုအခြေအနေများကို လွှတ်တော်ကိုယ်စားလှယ်ကြီးများအား “Moving Myanmar Health System Forward: From Evidence to Policy” ခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြခဲ့ရာတွင် စုစုပေါင်း ကိုယ်စားလှယ်တော်ကြီးများနှင့် ဖိတ်ကြားထားသူများ (၈၅) ဦးတက်ရောက်ခဲ့ကြပါတယ်။ ဒေါက်တာသန်းထွန်းစိန်၊ အလွတ်တန်း ပြည်သူ့ကျန်းမာရေးပညာရှင် (Freelance Public Health Professional) က ကျန်းမာရေးစောင့်ရှောက်မှုတွင် မျှတမှု (Equity) နှင့် အားလုံးပါဝင်နိုင်မှု (Inclusion) အဘယ်ကြောင့် အရေးကြီး သနည်း ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေး ပညာရှင် တစ်ဦးဖြစ်သော ဒေါက်တာနီလာတင် က လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ် (Universal Health Coverage) နှင့် မြန်မာနိုင်ငံ၏ UHC လမ်းစဉ် အကြောင်းကို လည်းကောင်း၊ ပြည်ကြီးခင် အဖွဲ့အစည်းမှ ဒေါ်နွယ်ဇင်ဝင်းက လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ် (Universal Health Coverage) ရရှိနိုင်ရေးအတွက် အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကြိုးပမ်းဆောင်ရွက် ချက်များများနှင့် အခန်းကဏ္ဍ ကိုလည်းကောင်း၊ ဒေါက်တာ မြသက်စုမော် (DFID) က မြန်မာကျန်းမာရေးကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်အဖွဲ့အစည်းများအကြောင်း ကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြပါတယ်။ တင်ပြမှုများအပြီးတွင် Panel discussion ဖြင့် အပြန်အလှန် ဆွေးနွေးကာ မြန်မာ့ကျန်းမာရေး စနစ် ပိုမိုကောင်းမွန်လာပြီး၊ ပြည်သူအများမှ ကျန်းမာရေး ၀န်ဆောင်မှုများ ရယူရာတွင် ငွေကြေးပိုင်းဆိုင်ရာ ၀န်ထုတ်ဝန်ပိုး လျော့ကျနည်းပါးစေရန်နှင့် UHC အရွေ့ကို ပိုမိုမြန်ဆန်စေရန်အတွက် ဥပဒေတစ်ရပ် (Legal framework) ပေါ်ထွက်လာစေရန် လွှတ်တော်မှ ကြိုးပမ်းသွားမည့် အကြောင်းများကို ဆွေးနွေးခဲ့ကြပါတယ်။