Universal Health Coverage (UHC) Forum in Ayeyawady Region

ဧရာဝတီတိုင်းဒေသကြီး လူတိုင်းလက်လှမ်းမှီ လွှမ်းခြုံနိုင်သော ကျန်းမာရေး ဆိုင်ရာအရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်ကို ဇွန်လ ၂၇/၂၈ ရက်နေ့တွင် ပုသိမ်မြို့တွင် ပြည်ကြီးခင်အဖွဲ့မှ Community Partners International နဲ့ ပူးပေါင်းကျင်းပခဲ့ပါသည်။ ဖိုရမ်ဖွင့်ပွဲ သို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးများ နှင့် တာဝန်ရှိသူများ တိုင်းကျန်းမာရေး ဦးစီးမှူး၊ ဒုတိုင်းကျန်းမာရေး ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ အစိုးရဌာန ဆိုင်ရာမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စလှယ်များ နှင့် အရပ်ဘက် အဖွဲ့အစည်းကိုယ်စားလှယ် (၁၅၀) ကျော်တက်ရောက်ကြပါသည်။