ပြည်ကြီးခင် လူမှုရေးအဖွဲ့အစည်းမှ ချို့တဲ့နွမ်းပါးသော ကျောင်းသူ/ကျောင်းသားများအား ပညာသင်စားရိတ် ထောက်ပံ့မှု အခမ်းအနား

ပြည်ကြီးခင် လူမှုရေးအဖွဲ့အစည်းမှ ချို့တဲ့နွမ်းပါးသော ကျောင်းသူ/ကျောင်းသားများအား ပညာသင်စားရိတ် ထောက်ပံ့မှု အခမ်းအနား

ပြည်ကြီးခင် လူမှုရေးအဖွဲ့အစည်းမှ ၀န်ထမ်းများ၏ လစဉ်ထည့်ဝင်စုဆောင်းထားသော လစာငွေ၏ ၁ ရာခိုင်နှုန်း၊ MPT လိုတရ အစီအစဉ်မှ အများထည့်ဝင်လှူဒါန်းငွေ နှင့် MPT ၏ နှစ်သစ်ကူးလှူဒါန်းငွေတို့အား စုပေါင်း၍ ပြည်ကြီးခင်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော "ပြည်သူလူထုအခြေပြု ဆေးယဉ်ပါးတီဘီ တိုက်ဖျက်ရေးစီမံချက်" ရန်ကုန်တိုင်းဒေသကြီး (၁၆)မြို့နယ်အတွင်းရှိ ချို့တဲ့နွမ်းပါးသော ဆေးယဉ်ပါးတီဘီ (MDR-TB) ဝေဒနာရှင်များ၏ သား၊သမီး (၁၀)ဦးအား  ပညာသင်စားရိတ် တစ်ဦးလျှင် တစ်သိန်းကျပ်စီဖြင့် ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို သြဂုတ်လ (၁၈)ရက် ၂၀၁၇ခုနှစ်၊ သောကြာနေ့တွင် ပြည်ကြီးခင် ရန်ကုန်ရုံး၊ ရန်ကင်းမြို့နယ် ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။