အရပ်ဘက်အဖွဲ့အစည်းများ၏ အမျိုးသားကျန်း မားရေး အာမခံဥပဒေ ရေးဆွဲ နိုင်ရေး ဆောင်ရွှက်ချက်များ

အရပ်ဘက်အဖွဲ့အစည်းများသည် အမျိုးသားကျန်း မားရေး အာမခံဥပဒေ ရေးဆွဲ နိုင်ရေး အတွက် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် နှင့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့တွင် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

-၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့ မှ (၂၃) ရက် နေ့အထိ  ပြု လုပ်ခဲ့သော အရပ်ဘက် အဖွဲ့အစည်းများ ကျန်းမာရေး တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်လာသော အရပ်ဘက် အဖွဲ့အစည်းများ မှ အားလုံးလက်လှမ်းမှီနိုင်သော ကျန်းမာရေးစနစ် (Universal Health Coverage) ကို လုပ်ဆောင် ရာတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်း ကဏ္ဍ ကို ဆွေးနွေးခဲ့ကြပါသည်။

-ထိုသို့ ဆွေးနွေးရာတွင် ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်းမမှီနိုင်သော သူများကို အကာကွယ် ပေးနိုင်သော အမျိုးသားကျန်းမာရေး အာမခံ ဥပဒေ (National Health Insurance Law) ပြဌာန်း ရန် လွှတ်တော်သို့ တိုက်တွန်း ဆွေးနွေးသွားရန် ဆုံးဖြတ်ချက်လဲ ပါဝင်ခဲ့ပါသည်။

-ထိုအစည်းအဝေးမှ ဆုံးဖြတ်ချက်များ အရ အရပ်ဘက် အဖွဲ့ အစည်းများမှ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် နှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြခြင်းဖြစ်ပါသည်။

- အမျိုးသားကျန်းမာရေးအာမခံဥပဒေ (Naitonal Health Insurance Law) နှင့်  ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို၂၀၁၇ခုနှစ်၊ဇန်နဝါရီလ(၂၆)ရက်နေ့နံနက်(၁၀၀၀)နာရီချိန်တွင် လွှတ်တော်ဝန်းအတွင်းရှိ ကော်မရှင်အဆောက်အဦး(I-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်သည်။

- အစည်းအဝေးသို့ ကော်မရှင်ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့်အတူ ကော်မရှင်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ ခေတ္တညွှန်ကြားရေးမှူးချုပ်
ဒေါက်တာစန်းစန်းအေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဒေါက်တာသန့်စင်ထူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာ မြန်မာ့အာမခံလုပ်ငန်း ၊ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိသူများနျှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများဖြစ်ကြသော ပြည်ကြီးခင်အဖွဲ့၊ ဗြမ္မစိုရ်အဖွဲ့နှင့်နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ဖြစ်သော ပျိုးပင်အဖွဲ  MSI , CPI့ တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။