ပြည်ကြီးခင်အသင်းမှ ငလျင်ဒဏ်ခံစားနေရသော အင်းလေးဒေသအတွင်းရှိ ကြေးစားကုန်းရွာနှင့် ရှမ်းရွာသို့ ပြည်ကြီးခင်အသင်း(အောင်ပန်းစင်တာ) ၏ အကူအညီဖြင့် ငလျင်ဒဏ်ခံစားနေရသောအိမ်ထောင်စု (၁၁၅) စုအတွက် အဓိကလိုအပ်လျှက်ရှိသော ရေသန့်၊ ဆန်၊ဆီ၊ ဆပ်ပြာ၊ မုန့်ခြောက်၊ ခေါက်ဆွဲခြောက်၊ အားဖြည့်အချိုရည်၊ ဓာတ်ဆားထုတ်များနှင့် ခြင်ဆေးခွေတို့ကို ဧပြီလ (၃) ရက်နေ့တွင် သွားရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။
ပြည်ကြီးခင်အဖွဲ့သည် မြန်မာနိုင်ငံတွင် လှုပ်ခတ်သွားသော ပြင်းအားမြင့်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသော ပြည်သူများအတွက် လိုအပ်လျှက်ရှိသော အရေးပေါ်ကျန်းမာရေး၊ အစားအသောက်များကို ကူညီထောက်ပံ့နိုင်ရန် အလှူရှင်များအားဖိတ်ခေါ်၍ စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ လက်ရှိတွင် အလှူရှင်များထံမှ ငလျင်ဒဏ်ခံစားနေရသောသူများအား ကူညီထောက်ပံ့နိုင်ရန် အလှူငွေများလက်ခံရရှိထားပြီး မြေပြင်သို့သွားရောက်လှူဒါန်းမှုများကို ဦးစားပေးဆောင်ရွက်လျှက်ရှိပါသည်။ အရေးပေါ်လိုအပ်ချက်များကိုကူညီထောက်ပံ့ပေးနိုင်ရန် လှူဒါန်းမှုများပေးခဲ့သည် အလှူရှင်အသီးသီးကို ပြည်ကြီးခင်အသင်းမှ အထူးပင်ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။
News Categories:
- Myanamr Earthquake Emergency Response