ပြည်ကြီးခင်အသင်းမှ မန္တလေးတိုင်း ၊ အမရပူရမြို့ရှိ မဟာဂန္ဓာရုံကျောင်းတိုက်တွင် ငလျင်ဒဏ်ခံစားခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများကြောင့် လာရောက်နေထိုင်ကြသော အိမ်ထောင်စု (၅၀) အတွက် လိုအပ်လျှက်ရှိသော မိုးကာ၊ ရေသန့်၊ မုန့်ခြောက်၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ Mask၊ Betadine ဆေးရည်၊ ပလပ်စတစ်ကြိုးခွေ၊ wet tissue နှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများကို ဧပြီလ (၃) ရက်နေ့တွင် ပြည်ကြီးခင် (မြင်းခြံစင်တာ) ၏ ကူညီဆောင်ရွက်မှုဖြင့် သွားရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။
ပြည်ကြီးခင်အဖွဲ့သည် မြန်မာနိုင်ငံတွင် လှုပ်ခတ်သွားသော ပြင်းအားမြင့်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသော ပြည်သူများအတွက် လိုအပ်လျှက်ရှိသော အရေးပေါ်ကျန်းမာရေး၊ အစားအသောက်များကို ကူညီထောက်ပံ့နိုင်ရန် အလှူရှင်များအားဖိတ်ခေါ်၍ စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ လက်ရှိတွင် အလှူရှင်များထံမှ ငလျင်ဒဏ်ခံစားနေရသောသူများအား ကူညီထောက်ပံ့နိုင်ရန် အလှူငွေများလက်ခံရရှိထားပြီး မြေပြင်သို့သွားရောက်လှူဒါန်းမှုများကို ဦးစားပေးဆောင်ရွက်လျှက်ရှိပါသည်။ အရေးပေါ်လိုအပ်ချက်များကိုကူညီထောက်ပံ့ပေးနိုင်ရန် လှူဒါန်းမှုများပေးခဲ့သည် အလှူရှင်အသီးသီးကို ပြည်ကြီးခင်အသင်းမှ အထူးပင်ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။
News Categories:
- Myanmar Earthquake Emergency Response