ငလျင်ဒဏ်ခံစားခဲ့ရသော နေပြည်တော်၊ ပျဉ်းမနားမြို့တွင် mobile clinic ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း (Batch 1)

ပြည်ကြီးခင်အသင်းသည် ငလျင်ဒဏ်ခံစားခဲ့ရ‌သည့်ပျဉ်းမနားမြို့ ၊ နေပြည်တော်ရှိ  ငလျင်‌ဘေးသင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်‌ရှောက်မှုလုပ်ငန်းစဉ်များ ဆောင်ရွက်‌ပေးနိုင်ရန် mobile clinic (ရွေ့လျားဆေးခန်း) ဖြင့်ကျန်းမာရေးစောင့်ရှောက်မူ့များကိုဧပြီလမှစ၍ လယ်ဝေးမြို့- ရေကျော်ကျေးရွာ (စမတောင်ပရဟိဂေဟာ)၊ တပ်ကုန်းမြို့- မြောက်မြိုက်ကျေးရွာနှင့် နေပြည်တော် - ညာဏသိဒ္ဓိ၊ သုခသိဒ္ဓိ၊ ဝဏ္ဏသိဒ္ဓိ၊ ဗလသိဒ္ဓိ Camp များတွင် Mobile Clinic (ရွေ့လျားဆေးခန်း)ကို ပြည်ကြီးခင်အသင်း၏ စေတနာ့ဝန်ထမ်းများ (Medical Team Batch 1 for Pyimana) မှ ၈.၄.၂၀၂၅ မှ ၁၁.၄.၂၀၂၅ အထိ သွားရောက်ဆေးကုသမှု ပြုလုပ်ခဲ့ကြပါသည်။

ပြည်ကြီးခင်အဖွဲ့သည် မြန်မာနိုင်ငံတွင် လှုပ်ခတ်သွားသော ပြင်းအားမြင့်ငလျင်ကြောင့် ထိခိုက်ခံစား ခဲ့ရသော ပြည်သူများအတွက် လိုအပ်‌လျှက်ရှိသော အရေးပေါ်ကျန်းမာရေး၊ အစားအသောက်များကို ကူညီထောက်ပံ့နိုင်ရန် အလှူရှင်များအားဖိတ်ခေါ်၍ စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ လက်ရှိတွင် အလှူရှင်များထံမှ ငလျင်ဒဏ်ခံစားနေရသောသူများအား ကူညီထောက်ပံ့နိုင်ရန် အလှူငွေများ လက်ခံရရှိထားပြီး မြေပြင်သို့သွားရောက်လှူဒါန်းမှုများကို ဦးစားပေးဆောင်ရွက်လျှက်ရှိပါသည်။ အရေးပေါ်လိုအပ်ချက်များကိုကူညီထောက်ပံ့ပေးနိုင်ရန် လှူဒါန်းမှုများပေးခဲ့သည် အလှူရှင်အသီးသီးနှင့် ပြည်ကြီးခင်အသင်း၏ ဒေသအသီးသီးရှိ center များမှ ဝန်ထမ်းများ၊ volunteer များမှ စေတနာဝန်ထမ်းအဖြစ်ကူညီဆောင်ရွက်ပေးကြသူများကို အထူးပင်ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။

News Categories: 

  • Earthquke Emergency Response Activities